Main menu

“မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီ အရောင်းသွက်လာ ”

Powered by Drupal

         မိတ္ထီလာဈေးကွက်တွင် ယခုတစ်ပတ် ကြက်သွန်နီ အရောင်းအဝယ်သွက် စျေးတက်လာကာ နယ်ဝေးတင်ပို့မှု ပိုလာကြောင်း သိရသည်။ မိတ္ထီလာမှ ကုန်ချိန် (၁၇) တန်ဆံ့ (၁၂) ဘီးကား (၁) ရက် တစ်စီးဝန်းကျင် ပဲခူးသို့ ကုန်ချိန် (၉) တန်ဆံ့ (၆) ဘီးကား (၂) စီး ဝန်းကျင်နှင့် မော်လမြိုင်သို့ တစ်ပတ် အတွင်း (၁၂)ဘီးကား (၃) စီး တင်ပို့ခဲ့သည်။ မလှိုင်မှ မော်လမြိုင်သို့ တစ်ပတ်အတွင်း တစ်ရက်လျှင် (၁၂) ဘီးကား(၁) စီး ဝန်းကျင်တင်ပို့ခဲ့သည်။ ကုန်တင်ခအနေဖြင့် တစ်ပိဿာလျှင် ရန်ကုန်သို့ (၁၀၀) ကျပ်၊ ပဲခူးသို့ (၉၀) ကျပ်နှင့် မော်လမြိုင်သို့ (၁၃၀) ကျပ်ဖြင့် စျေးငြိမ်နေသည်။ ကြက်သွန်နီစျေးမှာ ယခင် တစ်ပတ်ထက် တစ်ပိဿာလျှင် (၂၀၀) ကျပ်၊ဖြင့်တက်လာရာ လက္ကားစျေး တစ်ပိဿာလျှင် (၁၅၀၀) ကျပ် (၁၃၀၀) ကျပ် ရှိကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)