
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်းဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း စကားဝါပန်းဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံးလျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ စကားဝါ ပန်း(၃)ကုံး လျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ခရေပန်းဈေးနှုန်းအနေဖြင့် ခရေပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)