
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ကြက်သားဈေးနှုန်းများမှာ ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ CPကြက်သား(၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်ဖြင့် ရောင်း ချကြောင်း ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။
Doca(စစ်ကိုင်း)