Main menu

၂၀၂၅ ခုနှစ် ၅ လ အတွင်း ဗီယက်နမ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းအညွှန်းကိန်း ၃.၂၁ ရာခိုင်နှုန်း မြင့်တက်လာ

Powered by Drupal

     ဗီယက်နမ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) သည် ၂၀၂၅ ခုနှစ် ၅ လတာအတွင်း ၃.၂၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး (NSO) မှ ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

     ထိုမြင့်တက်လာမှု၏ အဓိကမောင်းနှင်းအားမှာ စားသောက်ဆိုင်များနှင့် စားသောက်ကုန် ဝန်ဆောင်မှုများတွင် စျေးနှုန်းများ မြင့်မားခြင်းအပြင် အိမ်ရာ၊ လျှပ်စစ်မီး၊ ရေ၊ လောင်စာဆီနှင့် ဆောက်လုပ်ရေးပစ္စည်းများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်။

     မေလတစ်လတည်းတွင်ပင် CPI သည် ဧပြီလနှင့် နှိုင်းယှဉ်ပါက ၀.၁၆ ရာခိုင်နှုန်းတက်ခဲ့ပြီး ယမန်နှစ်အလားတူကာလကထက် ၃.၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ငါးလတာ ကာလအတွင်း နိုင်ငံ၏ စုစုပေါင်းငွေကြေးဖောင်းပွမှုနှုန်းသည် ၃.၁ ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

 

Source : Xinhua

DOCA(ရန်ကုန်)