
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇွန်လ (၄) ရက်နေ့ မှ ဇွန်လ (၉) ရက်နေ့အထိ ဖြစ်ပေါ် ခဲ့သော ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၃၀၀၀၀/၃၅၀၀၀၊ မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၂၀၀၀၊ ကျိုက်ကော် မှ နာနတ်သီးတစ်လုံး ကျပ် ၂၀၀၀/၃၀၀၀/၄၀၀၀၊ ရေးမှ ဒူးရင်းသီး တစ်လုံး ကျပ် ၁၈၀၀၀/၁၅၀၀၀/၁၀၀၀၀ ၊ မော်လမြိုင်မှ ကျွဲကောသီး ကျပ် ၄၀၀၀/၅၀၀၀၊ ပြင်ဦးလွင်မှ မင်းဂွတ်သီး တစ်သေတ္တာ ကျပ် ၉၀၀၀/၆၀၀၀၊ အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ ကျပ် ၅၀၀/၇၀၀၊ မိတ္ထီလာမှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၆၀၀၀/၄၀၀၀/၂၀၀၀၊ ရှမ်းပြည်မှ ဖရဲသီး(855) တစ်လုံးကျပ် ၁၅၀၀၀/၁၂၀၀၀၊ တိုက်ကြီးမှ မာလာကာသီး အိတ်တစ်အိတ် ၄၀၀၀၀ ကျပ်၊ ယိုးဒယားပန်းသီးတစ်သေတ္တာ ကျပ် ၁၆၀၀၀၀/ ၁၄၀၀၀၀ ၊ ဘီးလင်းမှ ပိန္နဲသီးကျပ် ၅၀၀၀/၁၀၀၀၀/ ၁၅၀၀၀၊ ဧရာဝတီတိုင်းမှ သရက်သီး (ရင်ကွဲ) တောင်းတစ်တောင်း ကျပ် ၂၀၀၀၀/၁၅၀၀၀/၁၀၀၀၀ တို့ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင် တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA (ရန်ကုန်)