
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအနက် ပေါ် ဆန်းတစ်ပြည် အနိမ့်ဆုံး ၄၀၀၀ မှ ၆၅၀၀ ကျပ်၊ ပေါ်ကျွဲ တစ်ပြည် ၃၅၀၀ ကျပ်၊ ဧည့်မထတစ်ပြည် ၃၃၀၀ ကျပ်၊ ဇီယာတစ်ပြည်လျှင် ၃၃၀၀ ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ ပြင်ပပေါက်ဈေး ၆၅၈၅ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၁၅၀၀ မှ ၂၅၀၀ ကျပ်၊ ငရုပ်သီးခြောက်(အပု)တစ်ပိဿာ ၁၈၀၀၀ မှ ၂၂၀၀၀ ကျပ်၊ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာ ၉၀၀၀ မှ ၁၁၀၀၀ ကျပ်၊ ချင်းတစ်ပိဿာ ၂၀၀၀ မှ ၄၅၀၀ ကျပ်၊ မန်ကျည်းသီးတစ်ပိဿာ ၈၀၀၀ မှ၉၀၀၀ ကျပ်၊ ကုလားပဲတစ်ပိဿာ ၆၀၀၀ မှ ၇၀၀၀ ကျပ်၊ ပဲနီလေးတစ်ပိဿာ ၁၁၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ပဲဝါလေးတစ်ပိဿာ ၆၀၀၀ မှ ၇၀၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာ ၆၃၀၀ မှ ၈၅၀၀ ကျပ်၊ ဆားချောတစ်ပိဿာ ၂၀၀၀ မှ ၃၀၀၀ ကျပ်၊ အိုင်အိုဒင်းဆား ၅၀ ကျပ်သား တစ်ထုပ် ၇၀၀ မှ ၁၀၀၀ ကျပ်၊ သကြားတစ်ပိဿာ ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)