
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် ငှက်ပျောသီးများ ရောင်းချလျက်ရှိပြီး၊ ငှက်ပျောသီးများသည် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် များမှ ဝင်ရောက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖီကြမ်းသီး အလုံးလှ(၁)ဖီးလျှင် ၂၅၀၀ကျပ်၊ အလုံးအသေး(၁)ဖီးလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးစားသုံးခြင်းသည် ကျန်းမာရေးကိုအထောအကူပြုသည့်အတွက် လူကြီးလူငယ်မရွေး စားသုံးကြ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
Doca(စစ်ကိုင်း)