
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မိုးစပါးများကို စားနပ်ရိက္ခာဖူလုံစေရန် ပြည်တော်ဝင်ငွေရရှိ၍ နိုင်ငံ့စီးပွား တိုးတက်စေရန် တောင်သူများ ဝင်ငွေတိုးပွားစေ၍ ဝမ်းစာဖူလုံစေရန်တို့အတွက် နှစ်စဉ်မေလမှစ၍ ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးများကို တစ်မြို့နယ်လုံး စိုက်ပျိုးဧက (၁၁၀၆၃)ဧက လျာထား၍ ယခုချိန်ထိ လယ်ဧကများ မြေသားထွန်ယက် ပြီးစီးဧက (၁၁၃၄၄)ဧကနှင့် စိုက်ပျိုးပြီးဧက (၈၂၄၃)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းကို မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
ခရမ်းမြို့နယ်တွင် မိုးစပါးများကို တောင်သူများက အထွက်ကောင်းမျိုးများဖြစ်သော ဆင်းသုခ၊ မနောသုခ၊ ရွှေမန်း (မှော်ဘီ-၃)၊ ပုသိမ်ရာကျော် စပါးမျိုးများကို အများဆုံး စိုက်ပျိုးပြီး အဆိုပါ စပါးမျိုးများ၏ သီးနှံသက်တမ်းမှာ ၁၃၀မှ ၁၃၅ရက် သက်တမ်းရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)