Main menu

ကန့်ဘလူမြို့ သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးအမျိုးအစားများမှာ အလုံးသီးနှင့် အချွန်းသီး နှစ်မျိုးရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီး (၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူ ငယ်မရွေး ကြိုက်နှစ်သက်ကြသည့်အတွက် စပျစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)