
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးတွင် ဆီရောင်းချသူလုပ်ငန်းရှင် (၈)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဆွေးနွေးခဲ့ကြသည်၊၊
အဆိုပါဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာမှ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိက စားသုံးဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာကြရန်၊ စားသုံးဆီ ရောင်းချနေမှုနှင့် ပတ်သက်၍ မိမိတို့ရရှိသော ဆီခွဲတမ်းများကို ဗီနိုင်းတွင် ယနေ့ရောင်းချသော သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချမည့် ဆီပိဿာများကို မြင်သာသောနေရာတွင် ချိတ်ဆွဲ၍ ရောင်းချရန်၊ ဆီစာအုပ်ဖြင့် ဝယ်ယူသော ပြည်သူများ ဝယ်ယူပြီး စာရင်းကို ကုန်ရ၊ ကုန်ထုတ်ပြေစာတွင် ရေးသွင်းထားရန်ကိုလည်းကောင်း၊ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသည့်အခါ စနစ်တကျ စစ်ဆေးမှုအား ဆောင်ရွက်နိုင်ရန်၊ စားဆီများ ပြည်သူလက်ဝယ်သို့ ရောက်ရှိပြီး သတ်မှတ်ရက်အတွင်းရောင်းချပေးနိုင်ရန်တို့ကို ဆွေးနွေးခြင်း၊ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရသော်လည်းကောင်း၊ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)