Main menu

ကန့်ဘလူမြို့၌ ရောင်းချလျက်ရှိသော သခွားမွှေးသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် သခွားမွှေးသီး များရောင်းချလျက်ရှိကြောင်း၊ သခွားမွှေးသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ရွှေဘိုမြို့ရှိ သစ်သီးလက်လီ/လက္ကားဆိုင်များမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော သခွားမွှေးသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ သခွားမွှေးအလုံးကြီး(၁) လုံးလျှင် (၅၀၀၀)ကျပ်၊ သခွားမွှေးအသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)