Main menu

ကန့်ဘလူမြို့နယ်တွင် မိသားစုဝင်ငွေရရှိနေသည့် ဂန္ဓမာပန်းစိုက်ပျိုးရေး

Powered by Drupal

         

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်နေပြည်သူများ သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း၊ နေအိမ်ခြံဝင်းအတွင်း မြေကွက်လပ်များတွင် ဂန္ဓမာပန်းများအပြင် အခြားသီးပင်စားပင် များကိုလည်း စိုက်ပျိုးထားကြောင်း ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူ ဒေါ်မိုးမိုးထံမှ သိရသည်။

ဂန္ဓမာပန်းများကို နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် စံပယ်ဖြူနှင့် ရွှေဝါဝင်းမျိုးများ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်အကြာတွင် ဈေးကွက်သို့ စတင်ရောင်းချရ ကြောင်း၊ ဇွန်လဒုတိယပတ်အတွင်း ဂန္ဓမာပန်း(၁)စည်းလျှင်(၁၀၀၀)ကျပ်နှင့် (၃)စည်းကို(၂၈၀၀) ကျပ်ဖြင့် နေ့စဉ်ကန့်ဘလူမြို့မဈေးသို့ သွားရောက်ရောင်းချကြောင်း သိရှိရသည်။

Doca(စစ်ကိုင်း)