
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်(၉.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ရေး ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊တိရစ္ဆာန်မွေးမြူရေးနှင့် ကူ့သရေးဦးစီးဌာန၊ငါးလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မော်ကျွန်းမြို့ ၁၁လမ်းထိပ်တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ဘဲဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၈၀)၊ ဘဲဥတစ်လုံး(၄၀၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)