
ဆူးပုတ်ရွက်သည် ရာသီမရွေးပေါ်ထွက်သောသီးနှံတစ်မျိုးဖြစ်ပြီး ရာသီအလိုက်ထွက်ပေါ်သော သီးနှံများကိုလည်း နှစ်သက်မြတ်နိုးစွာစားသုံးမှုများသဖြင့် ဝယ်ယူစားသောက်မှုများ၍ စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ဆူးပုတ်ပင်သည် အိမ်ခြံဝန်းကျယ်သောသူများနှင့် တောရွာများတွင် နေထိုင်သူများသည် မိမိတို့ မီးဖိုချောင် စရိတ်သက်သာစေရန်ပါသည်။အိမ်ခြံဝန်းအတွင်း စိုက်ပျိုးလေ့ရှိကြပြီး၊ စီးပွားဖြစ်စိုက်ပျိုးမှု များလည်းရှိကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀) မှ(၅၀၀)ကျပ်ရှိကြောင်း ပုသိမ်မြို့မဈေးမှသိရပါသည်။
DOCA(ဧရာဝတီ)