Main menu

ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

Powered by Drupal

           ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးရန်  ပျိုးထောင် နေကြချိန်ဖြစ်၍ ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပုံမှန်သာအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိုးစပါးစိုက်ပျိုးချိန် ဩဂုတ်လ၊ စက်တင်ဘာလများတွင်သာ ပုံမှန်ထက်ပို၍ အရောင်းသွက်မည်ဟု စိုက်ပျိုးရေး ဆေးဆိုင်များမှ သိရ ပါသည်။

          ဈေးနှုန်းများအနေဖြင့် ဇူလိုင်လ (၂၀)ရက်နေ့တွင် အာမို၊ကျွဲနက် (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၄၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ အာမို၊ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၃၀၀၀ကျပ်၊ ပိုးသတ်ဆေး ရှောင်လင် (၁)လီတာ ၁ဗူးလျှင် ၁၅၅၀၀ကျပ်၊ ဒီမွန် (၅၀၀)စီစီ တစ်ဗူးလျှင် ၁၂၅၀၀ကျပ်၊ ငှက်ကြီးတောင် (၂၅၀)စီစီ တစ်ဗူးလျှင် ၂၈၅၀၀ကျပ်၊ ဇိုင်ကလုံး (၁)လီတာ တစ်ဗူးလျှင် ၂၉၅၀၀ကျပ်၊ အင်ဖာနို (၅၀၀)ဂရမ် တစ်ဗူးလျှင် ၉၀၀၀ကျပ် ဖြစ်ပြီး ယခုအချိန်တွင် စိုက်ပျိုးရေးသုံး သွင်းအားစုများအနေဖြင့် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပြီး ပုံမှန်သာ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)