Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၄.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၀.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-)  ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

           ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာ(၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၃၂၀၀ဝိ/-) ယခုအပတ် (၃၃၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲတီစိမ်းမှာ ယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ် (၄၈၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်(၄၅၈၀ဝိ/-) ယခုအပတ်(၄၅၅၀ဝိ/-)ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၅၀၅၀ဝိ/-) ယခုအပတ် (၅၀၀၀ဝိ/-) ဖြစ်၍ (၅၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊ ကုလားပဲ(H.L) ယခင်အပတ်(၅၀၀၀ဝိ/-) ယခုအပတ်(၅၀၅၀ဝိ/-)ဖြစ်၍(၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၅၀၅၀ဝိ/-) ယခုအပတ်(၅၁၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်(၇၂၀၀ဝိ/-) ယခုအပတ် (၇၁၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)မှာ (၁)ပိဿာလျှင် ယခင်အပတ်(၄၆၅ဝိ/-) ယခုအပတ်(၄၈၀ဝိ/-)ဖြစ်၍ (၁၅ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၈၀ဝိ/-)ယခုအပတ်(၄၈၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၁၂၀) အိတ်၊ နှမ်းနီ(၁၆၅)အိတ်၊ ပဲစဉ်းငုံ(နီ)(၄၈၀)အိတ်၊ မတ်ပဲ(၁၁၀)အိတ်၊ ကုလားပဲ(HL) (၃၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၅၀)အိတ်၊ ဘိုကိတ်ပြာ(၂၂၀)အိတ်၊ ပဲကြီး(၄၃၀)အိတ်၊ မြေပဲလုံးဆံနီ (၁၂၀)အိတ်၊ မြေပဲလုံးဆံဖြူ(၁၀၀)အိတ်၊ ပဲတီစိမ်း(၁၂၅၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)