Main menu

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ဆေးဆိုင်များအား လိုင်စင်ရှိ/ မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်း၊  သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို၁၀-၆-၂၀၂၅ ရက်နေ့ နေ့နံနက်(၁၀)နာရီအချိန်တွင် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

            ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင်ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲထားရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးက ဆေးဝါးဖြည့်စွက်စာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့်ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းညွှန်ကြားချက်များ တွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာ အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးခြင်း၊  သတ်မှတ်ချက်များ နှင့်အညီ ရောင်းချမှု မရှိပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

            အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင်  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနတိုင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)