Main menu

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော ဝက်သား ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

   ကျွန်းလှမြို့ ဇွန်လ ဒုတိယပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီး သန့်) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင် (၂၉၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား)လက္ကား တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ဝက်သားရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)