Main menu

ဆိပ်ဖြူကြက်သွန်နီ ဇွန်လ(ပထမပတ်) အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ပြည်ပသို့တင်ပို့မှုနည်း၍ ကြက်သွန်နီဈေးနှုန်းမှာအေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော တပေါင်၊ ကံတွင်း၊ ကူရှည်၊ အလယ်စု၊ ရွာမ ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှကုန်ချိန် ပိဿာ(၁)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရသည်။ ကြက်သွန်နီ ဈေးနှုန်းကျဆင်းခြင်းကြောင့် ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံ အရည်အသွေး လိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၂၅၀-၁၂၀၀-၁၀၀၀-၈၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်မေလ (စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀)ခန့် လျော့နည်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသော ဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးကျပ်(၁၆၀၀-၁၀၀၀)ဈေးအသီးသီးဖြင့် ဒေသ အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ် ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀ - ၁၈၀၀ - ၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

      ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင် ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဇွန်လ (ပထမပတ်) တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၁)သိန်းခန့်၊ တန်ချိန်အားဖြင့် (၁၆၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ ကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)