Main menu

အမျိုးသမီးများ အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများ ကာကွယ်ရေး ဟောပြောခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်တာဝန်ခံအပါအဝင် အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အဖျောက်မြို့နယ်ရဲစခန်းမှူး၊ အဖျောက် မြို့နယ်တရားလွှတ်တော်ရှေ့နေ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့သည် (၈.၆.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမျိုးသမီးများအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများအကြောင်း ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ဌာနဆိုင်ရာများမှ ပြည်သူအားလုံးသည်စားသုံးသူများဖြစ်သောကြောင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ အမျိုးသမီးများအကြမ်းဖက်မှုမခံရအောင် နည်းလမ်းများ၊ ယုံကြည်မှုကို အလွဲသုံးစားပြုပြီး လူကုန်ကူးမှုမခံရအောင် နည်းလမ်းများ၊ သက်ငယ်မုဒိန်းမှုများ မဖြစ်စေရေးအကြောင်းများ ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသူ (၃၀)ဉီးနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)