Main menu

စာအောင်သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်နှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်းနှင့်ဆုငွေများချီးမြှင့်ခြင်း

Powered by Drupal

           (၁၀.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ပြည်လမ်း၊ မြို့နယ်သာသနာ့ဗိမာန်တော်၌ စာအောင်သံဃာတော်အရှင်မြတ်အား အောင်လက်မှတ်နှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်းနှင့်ဆုငွေများ ချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ပြည်သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက် ပဓာန နာယကဆရာတော်အဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မတိကဓက ဒေါက်တာဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော်များမှ စာအောင်သံဃာတော်အရှင်သူမြတ်များ စုစုပေါင်း(၃၆)ပါးအား ချီးမြှင့်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ခန့် တက်ရောက်ကြည်ညို ကြပြီး အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဉီးဆောင်၍ နေ့ဆွမ်းနှင့်အချိုပွဲ၊ ရေသန့်များ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)