
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီး ထန်းလျက်(၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ ဝါးတောထန်းလျက်(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ နို့ထန်း လျက်(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထန်းလျက်သည် ထန်းပင်မှရရှိ သည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစားအသောက်များ၊ မြန်မာ့ရိုးရာမုန့်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း သိရှိရသည်။
Doca(စစ်ကိုင်း)