
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများအပြင် အခြားသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။
ယခုအခါ စားသောက်ဆိုင်များ၊ အကင်ဆိုင်များတွင် ရုံးပတီသီးသည် လူအများကြိုက်နှစ် သက်သည့် အစားအစာဖြစ်ပြီး မိမိတို့ဆန္ဒရှိသည့်အတိုင်း စားသုံး၍ရသည့်အတွက် အရောင်းသွက် နေကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း မြို့မဈေးတွင် ရုံးပတီသီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။
Doca(စစ်ကိုင်း)