Main menu

“ ကွမ်းခြံကုန်းမြို့နယ်အခြေခံကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများဆောင်ရွက် ”

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ (၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် တောင်ပိုင်းရပ်ကွက်  အ.မ.က သီရိမင်္ဂလာကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး ဟောပြော ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

              ထိုသို့ စားသုံးသူအသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည့် ကွမ်းခြံကုန်းမြို့နယ် တောင်ပိုင်းရပ်ကွက် အ.မ.က မင်္ဂလာသီရိကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ‌ ဒေါ်နန့်ဆွေနွယ်ဦးက ကလေးများအား စာဖတ်ခြင်းကြောင့် အသိပညာ ဗဟုသုတ ကြွယ်ဝခြင်းနှင့် လူကောင်းလူငယ်များ ဖြစ်လာနိုင်ခြင်း၊ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့်ပွဲလယ်တင့် စသည့်ဆောင်ပုဒ်များနှင့်အညီ ကြိုးစားကြစေကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူ၏ အခွင့်အရေးများ၊ ကုန်စည်များ ဝယ်ယူရာတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ကလေးများအရွယ်နှင့် ညီမျှစွာသိရှိနိုင်စေရန် လွယ်ကူဆုံး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

               အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစု ပေါင်း (၁၀၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)