စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါ သည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန် ထားသော စက်သုံးဆီစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်းစိစစ်ကြီးကြပ် လျက်ရှိပါသည်။
နေ့စဉ် ကွင်းဆင်းစိစစ်မှုများအရ မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသည် ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ (၂၁.၇.၂၀၂၂)ရက် နေ့တွင် ဒီဇယ်ရိုးရိုး(၁)လီတာ လျှင်(၂၁၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာ လျှင်(၂၁၈၅)ကျပ်၊ ဓာတ်ဆီ(92) (၁)လီတာလျှင် (၁၈၃၀)ကျပ် နှင့် ဓာတ်ဆီ(95) (၁)လီတာလျှင် (၁၈၈၅)ကျပ်တို့ အသီးသီးရှိခဲ့ပြီး (၂၂.၇.၂၀၂၂)ရက်နေ့တွင် ဒီဇယ်ရိုးရိုး(၁)လီတာလျှင်(၂၀၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁) လီတာလျှင်(၂၁၅၅)ကျပ်၊ ဓာတ်ဆီ(92) (၁)လီတာလျှင် (၁၇၄၅)ကျပ်နှင့် ဓာတ်ဆီ(95) (၁)လီတာလျှင် (၁၈၀၀)ကျပ်တို့ ဖြစ်သဖြင့် (၂၁.၇.၂၀၂၂)ရက်နေ့နှင့် (၂၂.၇.၂၀၂၂)ရက်နေ့တို့ နှိုင်းယှဉ်ကြည့်ပါက ဒီဇယ် ရိုးရိုး(၁)လီတာလျှင်(၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင်(၃၀)ကျပ်၊ ဓာတ်ဆီ(92)(၁)လီတာ လျှင်(၈၅)ကျပ် နှင့် ဓာတ်ဆီ(95)(၁)လီတာ လျှင်(၈၅)ကျပ်တို့ အသီးသီးစျေးနှုန်းလျော့နည်းလာကြောင်း တွေ့ရှိရပါသည်။
DOCA(မကွေး)