Main menu

ကျိုက်မရောမြို့နယ်ဒေသထွက် မင်းဂွတ်သီးများ ပေါ်ဦးပေါ်ဖျားဈေးကောင်းရရှိ

Powered by Drupal

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သည် လယ်ယာသီးနှံများကို အဓိကစိုက်ပျိုး၍ အသက်မွေးဝမ်းပြုသူများ အများဆုံးရှိသည့် မြို့နယ်ဖြစ်ရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန်၌ပင် စျေးကောင်းရရှိ၍  မင်းဂွတ်သီး  စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

    မင်းဂွတ်သီးပင်သည် မြေပြန့်နှင့် မြေသြဇာကောင်းမွန်သည့် သဲနှုန်း​မြေနှင့် ပူအိုက် စွတ်စိုသော ရာသီဥတုကို နှစ်သက်၍အပင်များကို ကိုင်းဆက် ကိုင်းကူးနည်းဖြင့် အကျယ် သုံးပေ၊ အနက် သုံးပေအတွင်းမှ တစ်ပင်နှင့်တစ်ပင် ပေ ၂၀ ခန့်အကွာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ပျိုးပင်များ စိုက်ပျိုးပြီး  ၁၀ နှစ်မှ ၁၂ နှစ် အရွယ်ရောက်ချိန်မှသာ အသီးစတင် ထွက်ရှိပြီး  အပင်တစ်ပင်လျှင် သက်တမ်း ၄၀ ထိ ရှင်သန်နိုင်ပြီး ပိုးမွှားကင်းစင်သည့် အပင်မျိုးလည်းဖြစ်သည်။ မင်းဂွတ်သီး ယခုစတင်ထွက်ရှိချိန်၌ တစ်လုံးလျှင် ၃၀၀ မှ ၄၀၀ ကျပ်ထိရရှိနေပြီး  စတင်ထွက်ရှိချိန်မှစ၍ မင်းဂွတ်သီးများကို  ခြင်းအလိုက် နယ်ဝေးမြို့ကြီး များသို့ တင်ပို့နေပြီး အဓိက ရန်ကုန်မြို့ကုန်စည်ဒိုင်များကို အများဆုံး ပို့ဆောင်ရောင်းချ နေရပြီးဖြစ်ကြောင်း မင်းဂွတ်သီးအရောင်းအဝယ်လုပ်သူ ကုန်သည် ဦးအောင်ကျော်ထံမှ သိရသည်။

DOCA (မွန်)