Main menu

ရွှေဖီလက်ဖက်

Powered by Drupal

       ရွှေဖီရာသီမှာ ထွက်ရှိသည့်အကောင်းဆုံး လက်ဖက်တွေကို သေချာသန့်စင်ပြီး အခြောက်ခံထုတ်လုပ်ထားသော လက်ဖက်ခြောက်ဖြစ်သည့်အတွက် အာနိသင်ပြည့်ဝပြီး အနံ့၊အရသာ ကောင်းမွန်ပါသည်။ ရွှေဖီဆိုတာ သန့်စင်လတ်ဆတ်တဲ့ လက်ဖက်ရွက်နုလေးများထွက်လာပြီး တစ်နှစ်လုံးမှာ အကောင်းဆုံး လက်ဖက်များ စတင်ထွက်ရှိချိန်ဖြစ်ပါသည်။ ရွှေဖီလက်ဖက်ခြောက်သည် ရိုးရာလက်ဖက်ခြောက်ဖြစ်ပြီး အဆီအနှစ်ပြည့်ဝသောကြောင့် နှစ်ရေ၊ သုံးရေအထိ ခပ်၍ရသလို ပုံမှန်သောက်သုံးပေးမည်ဆိုပါက ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး အစာကြေခြင်း၊ သွေးလည်ပတ်မှုကောင်းမွန်စေခြင်း စသည့်ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။ ရွှေဖီကို အကျစ်နှင့် အပွ နှစ်မျိုး ရွေးချယ်သောက်သုံးနိုင်ပြီး ရွှေဖီအကျစ် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ အပွခြောက် တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

DOCA(ရှမ်း)