၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ (၁၀း၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသောကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေး ဥပဒေပြဌာန်းချက်များကို လိုက်နာပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။
ကုန်စည်များ ထုတ်လုပ်ရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃) အရ (၂) နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀ )ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် စာသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။ဟောပြောပွဲကို နံနက် (၁၁း၁၅) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)