
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး၊ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိရာ မြစ်သား မြို့နယ်တွင် မိုးနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ မတ်လနှင့် ဧပြီလများတွင် မိုးနေကြာများ စိုက်ပျိုးလျက်ရှိပြီး ဇူလိုင်လများတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ မိုးနေကြာစိုက်ပျိုးမှု အနေဖြင့် မျိုး (၄/၅)ပြည်ခန့် ကုန်ကျကြောင်း အများဆုံးစိုက်ပျိုးသော ရွာများမှာ ရစ်ကန်၊ နွားဖြူငယ် နှင့် ကျားတွင်းရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသောမျိုး များမှာ ဆင်းရွှေကြာ မျိုး(၁-၂)နှင့် ရေဆင်းစပ်မျိုး-၁များကိုလည်း စိုက်ပျိုးကြပြီး တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုးသွင်းအားစုလုပ်သားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့် တစ်ဧက (၂၅-၂၆) တင်းခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ် နေကြာတစ်တင်း လျှင် (၅၇၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ် နှုတ်ပြီး (၁၀၀၀၀၀၀/-) ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခုနှစ် လက်ရှိနေကြာ တစ်တင်းပေါက်ဈေးမှာ (၆၀၀၀၀/-)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၉၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ နေကြာသီးနှံ ပေါ်ချိန်တွင် တောင်သူများမှာ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြောင်း၊ ပွဲရုံများမှ တစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း နေကြာထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက နေကြာစိုက်တောင်သူများ အကျိုးအမြတ်ပိုမို ဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်း မိုးနေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)