
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ ဒေါ်မြင့်မာလာဝင်း၊ဦးစီးမှူး သည် ၁၁-၆-၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် “D-MARCOMPANY LIMITED”၏ Hand Made Hot Pot အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်အားတွေ့ဆုံ၍ အသိ ပညာပေး ဆွေးနွေးခဲ့ ကြပါသည်။
ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း အား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ Online Sale မှတ်ပုံတင် လက်မှတ် လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့့်် အချက်အလက် များနှင့် မြေပြင်တွင်အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များ၊ မှတ်ပုံတင်လက်မှတ်အား ဝင်ရောက်လျှောက်ထား နိုင်သော LinK၊ ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များအကြောင်း၊ မှတ်ပုံတင် လျှောက်ထား ရာတွင် ကြိုင်တင်ပြင်ဆင်ထားသင့်သည့်အထောက်အထားများအကြောင်း၊ လိုင်စင်နှုန်းထားများအား သတ်မှတ်နှုန်းထားများအတိုင်း ကောက်ခံထားခြင်း၊ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းနှင့် လိုက်နာမှုမရှိပါက အရေးယူနိုင်သည့် နည်းလမ်းများအကြောင်းနှင့် အမိန့်နှင့်ညွှန်ကြားချက်များ အား အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)