Main menu

ပခုက္ကူမြေပဲဈေးကွက် ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲများ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော မြေပဲအသစ်များ ဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံ နှင့်မြေပဲ အတောင့်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးကွက်သို့ ဝင်ရောက် လာသော မြေပဲအတောင့်နှင့် အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲတောင့်/အဆံမှာ အရည် အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း စားသုံးဆီဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့်သုံးစွဲမှု မြင့်မားလျက်ရှိ၍ ဒေသတွင်း ဆုံ/ ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိရာ မြေပဲဆံဝယ်လို အားကောင်းပြီး ဈေးကွက်မှာ သိသိသာသာကျဆင်းခြင်းမရှိဘဲ အရောင်းအဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်းမွေးမြူရေးအစားအစာ ဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှရရှိသော မြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန် နှမ်းဖတ်ချဉ်အဖြစ် ထုတ်လုပ်ရောင်းချရမှာလည်း စားသုံးသူဈေးကွက် ကောင်းမွန်ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင်များမှလည်း မြေပဲဆုံပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ် လုပ်ခြင်းအတွက် ပြန်လည်ဝယ်ယူမှုများ၍ ပဲဖတ်ဈေးကွက်မှာလည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။

     ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ (ဒုတိယပတ်) တွင် မြေပဲ အတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၅၀၀ - ၅၀၀၀ - ၄၅၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၇၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၉၈၀၀-၉၅၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၈၆၀၀-၇၀၀၀)၊ ဆုံမြေပဲဖတ် (အခွေ) တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၀၀၀)၊ စက်ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၈၀၀-၄၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး  (ပထမပတ်) နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူမြေပဲ ဈေးကွက်သို့ ပခုက္ကူ/ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ (၆)လပဲ ပင်ပြန့်မြေပဲများ ကုန်ချိန်အများဆုံးဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေးဈေးကွက်သို့ တင်ပို့ လျက်ရှိကြောင်း၊ ယခုရာသီချိန်ကာလတွင် သီးနှံပေါ်ချိန်မဟုတ်၍ စိုက်တောင်သူများမှ ရောင်းချ မှုနည်းပြီး မြို့ပေါ်ရှိ ဝယ်လက်ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော မြေပဲဆံ၊ မြေပဲ တောင့်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းပဲလက်ကျန်နည်းပြီး ပြည်တွင်း မြေပဲ ဆီစားသုံးမှု မြင့်မားလျက်ရှိ၍ ဆီစက်လုပ်ငန်းရှင်များမှ  ဝယ်လိုအားကောင်းခြင်းကြောင့် ပခုက္ကူ မြေပဲဈေးကွက် ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)