Main menu

“ပတ္တမြားငမောက် သရက်သီးဈေးနှုန်းဈေးကွက်”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော‌ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် ဥယျာဉ်၊ ခြံ၊ မြေများတွင်လည်း နှစ်ရှည်သီးနှံများဖြစ်သော ပိန္နဲ၊ မာလကာ၊ ဒန့်သလွန်နှင့် သံပုရာပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံများအနက် သရက်ပင်ကိုလည်း စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးပြီး ဝယ်လိုအားရှိသော စိန်တစ်လုံး၊ ပတ္တမြားငမောက် သရက်သီးပင်များကို ပိုမို စိုက်ပျိုးကြကြောင်း၊ ယခု အချိန်တွင် စိန်တစ်လုံးသရက်သီးများ ထွက်ပေါ်ခြင်းမရှိတော့ပဲ ဈေးကွက် အတွင်းသို့ ပတ္တမြားငမောက် သရက်သီးများ ထွက်ပေါ်လျက်ရှိပါသည်။ ပတ္တမြားငမောက် သရက်သီး ဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၈၀၀/-) ကျပ်မှ (၁၀၀၀/-)ကျပ် ဈေးရှိပြီး၊ အလတ်(၁) လုံးလျှင် (၄၀၀/-)ကျပ်၊ (၅၀၀/-)ကျပ် ဈေးနှုန်းများရှိကြောင်း၊ ပတ္တမြားငမောက် အိတ်စွပ်သရက်သီး အလုံးကြီး တစ်လုံးလျှင် (၁၀၀၀-၁၂၀၀)ကျပ် ၊ အလတ်(၁)လုံးလျှင် (၈၀၀-၁၀၀၀)ကျပ်အထိ ဈေးရှိကြောင်း၊ စိန်တစ်လုံး သရက်သီးအရသာလောက် ချိုမြိန်မှုမရှိသော်လည်း ပတ္တမြား ငမောက် သရက်သီးမှာ အသားပေါပြီး အရသာမှာ အနည်းငယ် အချိုပေါ့သော်လည်း ရောင်းတန်းဝင် သရက်သီးအမျိုးအစားတွင် ပါဝင်သောကြောင့် ဈေးကွက်ဝယ်လိုအားရှိပြီး၊ ခရီးသွားကားများရပ်၍ အိမ်အပြန်လက်ဆောင်အနေဖြင့် ဟံမြင့်မိုရ် ကားလမ်းသရက်တန်းတွင် ဝင်ရောက်ဝယ်ယူကြ သောကြောင့် အရောင်းသွက်လျက်ရှိကြောင်း သရက်သီးရောင်းချသူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)