
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများသည်(၁၁.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀)နာရီအချိန်တွင် ခရိုင်မီးသက်တပ်ဖွဲ့၊ မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကမ်းနားလမ်းဈေးတာဝန်ခံရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ဘဲဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၄၀)၊ ဘဲဥတစ်လုံး(၄၀၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)