
ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ဒေးဒရဲ မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားအုန်းဆီများရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်း ရောင်းချသောစားအုန်းဆီများနှင့်ပတ်သက်၍ ဆီရောင်းချသူလုပ်ငန်းရှင်များအား စားအုန်းဆီအခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါကအရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အဆိုပါဆိုင်များတွင် စားအုန်းဆီများရည်ညွှန်းဈေး ဖြင့်ရောင်းချပြီး ဆိုင်းဘုတ်တင်ရောင်းချနေကြောင်းစစ်ဆေး တွေ့ရှိရပါသည်။
DOCA(ဧရာဝတီ)