Main menu

မအူပင်ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            ၁၁-၆-၂၀၂၅ရက်နေ့  နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်များအားသက်တမ်း လွန်ဆေးဝါးများရှိ/ မရှိ၊မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါးများ၊ စံမမှီဆေးဝါးများရောင်းချမှုရှိ/ မရှိကို ခရိုင်ပြည်သူ့ကျန်းမာဦးစီးဌာန၊ ခရိုင် FDA။ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်တို့ပူးပေါင်းကွင်းဆင်းစစ်ဆေးမှုကိုဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင် (၇)မှ ရောင်းချနေသော ဆေးဝါးများနှင့် ဆေးဆိုင်လိုင်စင် သက်တမ်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး၊ သက်တမ်းလွန်ဆေးဝါးများ၊ စံမမှီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ ဆေးဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိကို‌ မေးမြန်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများက ဆေးဆိုင်များသို့သွားရောက်ပြီး ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန် ဦးအောင်ဇော်ဦး ဦးစီးအရာရှိက အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ယခုကဲသို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ အခါအား‌လျော်စွာစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)