Main menu

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

Powered by Drupal

    မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဈေးသစ်တွင် အသား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်များကို အနီးအနားရှိ ကျေးရွာများမှ လာရောက်ခင်းကျင်းပြသ ရောင်းချလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ခဝဲသီး ဈေးနှုန်း အနေဖြင့် (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် လည်းကောင်း၊ မုံညှင်းရွက် ( ၃)စည်းပါ တစ်ထုပ်လျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ အိုးမုံညှင်း တစ်စည်းလျှင် (၂၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကန်စွန်းရွက် ( ၂) စည်းလျှင် (၃၀၀)ကျပ်ဖြင့် လည်းကောင်း၊ မန်းကျည်းရွက် ( ၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကင်းမွန်းရွက် ( ၃) စည်းပါ တစ်ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ သခွားသီး အသေးတစ်လုံးလျှင် (၂၀၀) ကျပ်၊ အလတ် (၃၀၀)ကျပ်၊ အကြီး( ၅၀၀) ကျပ် ဖြင့်လည်းကောင်း၊ ဘိုစားပဲသီး  ( ၁၀) ကျပ်သား လျှင် ( ၆၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပိန္နဲသီးအစိမ်း (၁၀)ကျပ်သားလျှင် ( ၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ ခံသီး ( ၁၀)ကျပ်သားလျှင် (၅၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)