Main menu

“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် မလှိုင်မြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ (၂၂.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စစ်ဆေးရာတွင် စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချရန် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး/အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစေရန် အရည်အသွေးပြည့်မီမှန်ကန်သည့်ပစ္စည်းများ စျေးကွက်းအတွင်း တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်မကိုက်ညီသည့် စက်သုံးဆီအရောင်းဆိုင်များ စျေးကွက်အတွင်းစစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အ‌ရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း စက်သုံးဆီရောင်းချမှုအခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)