Main menu

Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ ၄ ဦးတို့ သည် ၁၁-၆-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် Than Dar Online အမည်ဖြင့် အခြား ဝန်ဆောင်မှုလုပ်ငန်းအမှတ် ၂၁၂၉၊ သီရိရတနာ ၁ လမ်း၊ ၁၆ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်သို့ သွား ရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်အား ဆွေးနွေးရာ၌ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖော်ပြပါအချက်အလက်များမှန်ကန်မှုရှိမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်သည့်အတွက် မှန်ကန်စွာဖြေကြားပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)