
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၂၀၀) ကျပ်၊(၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၂၀၀၀) ကျပ်၊ လက်လီ (၁)ပိဿာ လျှင်(၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်း ချကြောင်း၊ ဇရစ်ရိုးပင် ဈေးနှုန်းအနေဖြင့် ဇရစ်ရိုးပင်(၅/၆)ပင်ပါ တစ်စည်းလျှင်(၅၀၀)ကျပ်၊ ဇရစ်ရိုး(၁၀)စည်း တစ်ထုံးလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)