စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍ အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။
ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇွန်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၉၃၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၀၈၀၀)တင်း ၊တန်အားဖြင့် (၃၅၃)တန် ၊နှမ်းနက် တစ်တင်းလျှင် (၂၂၈၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၈၀၀)တင်း တန်အားဖြင့် (၄၄)တန်၊ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၃၅၀၀)ကျပ် ပေါက်ဈေးဖြင့်(၃၆၀၀)တင်း၊ တန်အားဖြင့် (၁၁၈)တန် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း ပဲပွဲစားများကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။
DOCA(စစ်ကိုင်း)