Main menu

“ သုံးခွမြို့နယ်ဈေးကွက်တွင်ရောင်းချနေသောအခြေခံစားကုန်အသား၊ ငါးဈေးနှုန်းများ ”

Powered by Drupal

     ဇွန်လ တတိယပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဖြစ်သော အသား၊ ငါးဈေးနှုန်းများအနေဖြင့် ဗမာကြက် တစ်ပိဿာလျှင် (၂၈၀၀၀မှ ၃၀၀၀၀)ကျပ်၊ အသားတိုး (CP)ကြက်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၈၀၀၀မှ ၃၀၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၃၀၀၀မှ ၂၅၀၀၀)ကျပ်ထိ၊ ဆိတ်သား တစ်ပိဿာလျှင် (၃၀၀၀၀မှ ၃၅၀၀၀)ကျပ်ထိ၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ငါးအကြီး၊ အသေးပေါ်မူတည်၍ (၁၂၀၀၀မှ ၁၃၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် သုံးခွမြို့ နယ် စည်ပင်သာယာမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    အသား၊ ငါးဈေးနှုန်းများမှာ ယခင်အပတ် ဈေးနှုန်းများနှင့် သိသာစွာ ပြောင်းလဲမှု မရှိသေးကြောင်း၊ အသားများအနေဖြင့် ဒေသတွင်းမှ ကုန်ကြမ်းရရှိပြီး ရောင်းချခြင်း ဖြစ်ကြောင်း၊ ငါးကြင်းဖြူနှင့် ငါးမြစ်ချင်း ငါးများအား ရန်ကုန်မြို့ ရွှေပိတောက် ငါးဈေးမှ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)