
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဈေးကွက်အတွင်းသို့ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချ သည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည်။
သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာ ဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းစားသုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုး သည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက်လည်း အကျိုးပြုသည့် အသီးပင် ဖြစ်ကြောင်း သိရသည်။ မုံရွာမြို့ပေါ်၌ သံပုရာသီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-) မှ (၁၅ဝိ/-) ကျပ် အထိ ဈေးရရှိနေကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)