Main menu

နယူးဇီလန်နှင့် အီတလီတို့သည် သံတမန်ဆက်ဆံ‌ရေး ၇၅ နှစ်မြှောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံ‌ရေးကိုတိုးမြှင့်ဆောင်ရွက်

Powered by Drupal

           နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အီတလီနှင့် ၎င်းတို့ ခိုင်မာသော ပူးပေါင်း‌ဆောင်ရွက်မှုကို နယူးဇီလန်က ထပ်မံအတည်ပြုခဲ့သည်။ နယူးဇီလန် နိုင်ငံ ခြားရေးဝန်ကြီး Winston Peters နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani တို့ ‌ရောမ မြို့တွင်တွေ့ဆုံစဉ် မဟာဗျူဟာ ကုန်သွယ်ရေးနှင့်စီပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြင့် ရန် နှစ်ဖက်စလုံးကသဘောတူညီခဲ့ကြောင်းနယူးဇီလန်အစိုးရ၏ ဇွန်လ ၁၂ ရက်နေ့ထုတ်ပြန်သော ကြေညာချက်တွင်‌ဖော်ပြထားသည်။ ဝန်ကြီးများသည် အန္တာတိကတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုများကို မီးမောင်းထိုးပြခဲ့သည်။ အနုပညာကဏ္ဍများ၊ သိပ္ပံနှင့် အာကစားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် နှစ်နိုင်ငံဆက်ဆံ‌ရေးကို ပိုမိုခိုင်မာစေရန်အတွက် သဘောတူညီချက် အသစ်အားလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

Source: Xinhua

DOCA(ရန်ကုန်)