Main menu

ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲများ စတင်စိုက်ပျိုး

Powered by Drupal

                ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ အင်ငါးခွ ကျေးရွာတွင် မိုးမြေပဲများစတင်စိုက်ပျိုးနေပြီဖြစ်သဖြင့် မိုးမြေပဲများစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများသည် (၂၀.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ အင်ငါးခွကျေးရွာရှိ မိုးမြေပဲစိုက်ပျိုးသူတောင်သူ ဦးတင်ဇော်မျိုးနှင့် တွေ့ဆုံ၍ မေးမြန်းရာ ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးမြေပဲစိုက်ပျိုးဧက (၁၅၃၃၄) ဧကစိုက်ပျိုးပြီး ဖြစ်ပါသည်။ အဆိုပါတောင်သူမှ မိုးမြေပဲ (၅)ဧကကို မေလဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး ရက်၉၀/၁၀၀ အကြာတွင် စတင်နှုတ်သိမ်းရမည်ဟု သိရပါသည်။ မိုးမြေပဲများ စိုက်ပျိုးရာတွင် တစ်ဧက လျှင် မြေပဲဆန်ဒေသမျိုး (၁၀)ပြည်နှုန်းဖြင့် စိုက်ပျိုးကြောင်း သိရပါသည်။ မျိုးမြေပဲဈေးနှုန်းများမှာ တစ်တင်းလျှင် (၆၅၀၀၀)ကျပ်ဖြင့် ဝယ်ယူ၍စိုက်ပျိုးရသည်ဟု သိရပါသည်။ ယခုနှစ် မိုးမြေပဲများ စိုက်ပျိုးရာတွင် သွင်းအားစုများဖြစ်သော မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများ မြင့်မား နေသည့်အတွက် တစ်ဧကကုန်ကျစရိတ်များမြင့်မည်ဟုသိရပါသည်။ မိုးမြေပဲများ မနှုတ်သိမ်းခင်အထိ တစ်ဧကကုန်ကျစရိတ်မှာ ခန့်မှန်းခြေ (၂၁၅၀၀၀)ကျပ်အထိ ကုန်ကျကြောင်း သိရပြီး၊ မြေပဲနှုတ်သိမ်းချိန်တွင် နှုတ်သိမ်း၊ ရိတ်သိမ်းခများထည့်လျှင် ဒီထက်မက ကုန်ကျစရိတ်များ မြင့်မားလာမည် ဖြစ်ကြောင်း သိရပါသည်။

             မိုးမြေပဲများ ထွက်ပေါ်ချိန်တွင် တစ်ဧကအထွက်များကောင်းပြီး၊ ဈေးနှုန်းများ ကောင်းမည် ဆိုပါက တောင်သူများအတွက် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)