Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာအင်ဥ(မှိုစေ့)

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

   ယခုလို မိုးဦးကာလ မေလ၊ ဇွန်လများတွင် အင်ဥ(မှိုစေ့)များပေါများစွာ တွေ့ရတတ်ပြီး အင်ဥ(မှိုစေ့)မှာ မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်ကြောင့်  စားသုံးသူများအနေဖြင့် အင်ဥကို အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုတ်၊ အခြားသောအသီးအရွက်များနှင့်ရော၍ အရသာရှိသော စားသောက်ဖွယ်ရာဖြစ်အောင် အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အင်ဥ(မှိုစေ့)ကို နို့ဆီဘူးနှင့်(၁)ဘူးလျှင် (၄၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျား ရာသီပေါ်သဘာဝအစားအစာဖြစ်သည့် အင်ဥ(မှိုစေ့)ကို ကြိုက်နှစ်သက်သူများပြားသဖြင့် အရောင်းသွက်လျက်ရှိကြောင်း အင်ဥ(မှိုစေ့) ရောင်းချသူထံမှ သိရှိရပါသည်။    

DOCA(စစ်ကိုင်း)