Main menu

တောင်ငူမြို့တွင် ရာသီပေါ် ခဝဲသီးများရောင်းချလျက်ရှိ

Powered by Drupal

            အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးရွာအုပ်စု၊ ညောင်ပင်ရွာ မှဒေသခံပြည်သူများသည် ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ရာသီအလိုက် ထွက်ရှိလာသော သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ညောင်ပင်ဈေးသို့ လာရောက်ရောင်းချခြင်း၊ ဖောက်သည်သွင်းခြင်းများ ပြုလုပ်ကြသည်။ ယခုအခါ ခဝဲသီးများ စတင်ရောင်းချလျက် ရှိပါသည်။                                                

           ခဝဲသီးကို သတ်သတ်လွတ်သော်လည်းကောင်း၊ ကြက်ဥ (သို့မဟုတ်) အသားတစ်မျိုးမျိုးဖြင့် ရော၍ ချက်စားခြင်း၊ ဟင်းချိုအဖြစ်လည်းကောင်း၊ တို့စရာအဖြစ်လည်းကောင်း မိမိတို့နှစ်သက်ရာ စားသုံးနိုင်သည်။

          ခဝဲသီးဈေးနှုန်းများအနေဖြင့် အသေး ၃တောင့် တစ်စည်းလျှင် ၅၀၀ ကျပ်မှ ၆၀၀ အထိ ရောင်းချပြီး၊ အသေး ၃တောင့် တစ်စည်းလျှင် ၃၀၀ ကျပ် မှ ၄၀၀ ကျပ်အထိ ရောင်းချလျက်ရှိသည်။ ချက်ပြုတ်ရာတွင်လည်း လွယ်ကူပြီး ဈေးနှုန်းသင့်တင့်သည့်အတွက် ရောင်းအားကောင်းကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(ပဲခူး)