Main menu

ပြည်ဈေးကွက်၌ ပေါ်ဦးပေါ်ဖျားမန်ကျည်းရွက်နုများရောင်းချ

Powered by Drupal

               ပြည်မြို့ရှိဈေးကွက်များတွင် ယခုလိုနွေရာသီ၌ ရွက်ဟောင်းများကြွေကျပြီး ရွက်သစ်များ ဝေချိန်တွင် မန်ကျည်းပင်တိုင်းတွင် မန်ကျည်းရွက်နုများထွက်ပေါ်လာပြီဖြစ်ပါသည်။ နွေရာသီ အစားအစာဖြစ်သော မန်ကျည်းရွက်နုကို လူအများကကြော်၍တစ်မျိုး၊ ချက်၍တစ်ဖုံ၊ အရွက်စိမ်းနု လေးများကိုသုပ်၍လည်းစားသုံးကြပါသည်။ သဘာဝကပေးသော နွေရာသီအစားအစာ မန်ကျည်း ရွက်နုများကို လူအများကကြိုက်နှစ်သက်စွာဝယ်ယူစားသုံးကြသဖြင့် ပြည်မြို့အနီးတဝိုက် ပတ်ဝန်းကျင်ကျေးရွာများမှလာရောက်ရောင်းချကြပါသည်။ ရောင်းချသော မန်ကျည်းရွက်နု ဈေးများမှာ တစ်ဆယ်ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချကြပါသည်။ ယခင်နှစ်တွင်ရောင်းချသော မန်ကျည်းရွက်နုဈေးမှာ ယခုနှစ်အတိုင်း တစ်ဆယ်ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရပါသည်။

        မန်ကျည်းပင်တစ်ပင်လုံးတွင် အရွက်လည်းစားရသလို အသီးအစိမ်း၊ အမှည့်လည်း စားသုံး ရပြီး မိသားစု အပိုဝင်ငွေများလည်းရရှိ၍ အိမ်တွင်စိုက်ပျိုးထားလျှင် အရိပ်ကောင်းလည်းရရှိသဖြင့် စိုက်ပျိုးသင့်ပါသည်။

DOCA(ပဲခူး)