Main menu

ရွှေတောင်မြို့၏မုန့်လက်ဆောင်းလုပ်ငန်း

Powered by Drupal

           ရွှေတောင်မြို့ သရက်တောရပ်ကွက် ဆုံတန်းလမ်းနေ ဒေါ်နီ၏မုန်လက်ဆောင်းလုပ်ငန်းသို့ (၁၂.၅.၂၀၂၅) နေ့လယ် (၀၂:၃၀)နာရီအချိန်တွင် သွားရောက်လေ့လာခဲ့ပါသည်။ မုန့်ကိုဆန်မာဖြစ်သော မနောသုခဆန်ဖြင့်ပြုလုပ်၍ ဆန်ကိုရေစိမ်ပြီးမှကြိတ်ရပါသည်။ ရလာသောမုန့်ရေကို မီးဖြင့် ကျိုရ သည်။ မုန့်ရေပျစ်လာမှ ပုံစံခွက်ထည်းလောင်း၍ မုန့်လက်ဆောင်းဖတ်များရရှိပါသည်။ မုန့်လက်ဆောင်းဖတ်ကို ထုံးရေကြည်ထည့်ပြီးထားလျှင် (၃)ရက်အထိထားလို့ရပါသည်။ မုန့်လက် ဆောင်းကို တပို့တွဲ၊ တပေါင်းနှင့် တန်ခူးလတွေမှာ ရောင်းဝယ်မှုအားကောင်းပါသည်။ မုန့်လက် ဆောင်းသည် နေ့လည်ခင်းသရေစာ တစ်မျိုးဖြစ်သလို ခလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်သော ဗမာမုန့်တစ်မျိုးလည်းဖြစ်ပါသည်။ မုန့်လက်ဆောင်းဖတ် တစ်ပိဿာကို (၁၅၀၀)ကျပ်ဖြင့်ရောင်းချပြီး ဆန်တစ်ပြည်ကို မုန့်ဖတ် (၅)ပိဿာရရှိပါသည်။ တစ်နေ့ကို မုန့်ပိဿာ(၅၀)အထိရောင်းရပါသည်။ မုန့်လက်ဆောင်းဖတ် အရင်းမှာ (၅)သောင်းကျပ်ဖြစ်ပြီး တစ်နေ့ကို (၇၅၀၀၀)ကျပ်ဝင်ငွေ ရရှိသောတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး အကျိုးအမြတ်များများရရှိသည့် လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)