Main menu

“သဘာဝမလိုင်ဒိန်ချဉ်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး”

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ (၂၁-၇-၂၀၂၂) ရက်နေ့တွင် တံတားဦးမြို့နယ်၊ ခေါင်းကွဲကျေးရွာရှိ “သန်းထွန်းငြိမ်း” သဘာဝမလိုင်ဒိန်ချဉ်လုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပါသည်။ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ပါကြောင်း၊ ၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏ အမျိုးအမည်နှင့် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များအား ထည့်သွင်းဖော်ပြရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)