Main menu

ကန့်ဘလူမြို့နယ်၌ ပဲစဉ်းငုံဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

  မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည်လည်း လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်ကြောင်း သိရသည်။

  ကန့်ဘလူမြို့နယ်၌ ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇွန်လ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၇၈၀၀၀) ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံ(၁)တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်သွားကြောင်း၊ ဒေသထွက် ပဲစဉ်းငုံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)